Monday 31 January 2011

စစ်အစိုးရ၏မတရားသော၂၀၁၀ရွေးကောက်ပွဲကို ခြေခံ၍ဖြစ်ထွန်းပေါ်ပေါက်လာသော ပါလီမန်အရေခြုံစစ်အာဏာရှင်များအားဆန့်ကျင်ဆန္ဒပြပွဲ

ကျေးဇူးတင်ရှိခြင်း။

Englandနိုင်ငံ ရောက် မြန်မာကျောင်းသားများမှ စစ်အစိုးရ၏ မတရားသော၂၀၁၀ရွေးကောက်ပွဲကို ခြေခံ၍ဖြစ်ထွန်းပေါ်ပေါက်လာသော
ပါလီမန်အရေခြုံစစ်အာဏာရှင်များအာဆန့်ကျင်ဆန္ဒပြခြင်းအခမ်းအနားကို လန်ဒန်မြို့ ရှိ စစ်အစိုးရသံရုံးရှေ့ တွင် ယနေ့အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။ ယင်းအခမ်းအနားသို့တတပ်တအားတက်ရောက်လာကြသော အင်္ဂလန်နိုင်ငံရောက်မျိုးချစ်မြန်မာကျောင်းသားများ ၊ တိုင်းရင်းသားညီအကိုမောင်နှမများကို အဖက်ဖက်မှဝိုင်းဝန်းကူညီပေးခဲ့ကြသော ကျောင်းသားညီအကိုမောင်နှမများကိုလည်း ကျွန်တော်တို့ New Generation Students ပွဲဖြစ်မြောက်ရေးအဖွဲ့သားများမှ ကျေးဇူးအထူးတင်ရှိပါသည်။ ယနေ့ဆန္ဒပြပွဲသို့ အကြောင်းအမျိုးမျိုးကြောင့်မတက်ရောက်နိုင်သော သူငယ်ချင်းကျောင်းသားညီအကိုမောင်နှမများကိုလည်း နောင်လာမည့် ကန့်ကွက်ဆန္ဒပြပွဲများတွင် ကျွန်တော်တို့နှင့်အတူပူးပေါင်းပါဝင် ဆန္ဒပြကြပါရန် လေးစားစွာဖိတ်ခေါ်အပ်ပါသည်

Speech of General Aung San