About Us

The 88 New Generation Students (UK)

88 New Generation Students (UK) was first founded by a group of patriotic Burmese students  living and studying in the United Kingdom, who worship justice, truth and freedom, on 7th November 2010. 

We are a new (UK) arm of the 8888 generation students who involved in the 8888 peoples power uprising in Burma. As a new youth generation, we have been working hard to be an active voice at the forefront of resistance to the oppression of the Burmese military dictators, in the fight for restoring genuine democracy and Human Rights in Burma.

The fundamental idea of founding the 88 NGS (UK) is:

Firstly, to honour the strong beliefs and huge sacrifices of 8888 generation students and pro-democracy leaders who committed their lives to resist colonism, fascism and the current military dictatorship in Burma.
Secondly, to work hard towards achieving the doctrine of 8888 generation students who still remain behind bars in the notorious prisons in Burma, and meanwhile striving for the unconditional release of these students (leaders).

The aims and objectives of our organization are:
     1. To safeguard students’ rights

  1. To achieve democratic educational system
  2. To achieve democracy
  3. To attain internal peace
  4. To bring about national reconciliation in Burma
The members of 88 NGS (UK) are devoted to the idea of a unified Burmese Students pro-democracy movement here in the United Kingdom (working together with other such organisations at home and in exile) till we achieve democracy in Burma.  

With this dynamic youth force, we are passionate to participate in the reconstruction of our future democratic nation of Burma.

UK နိုင်ငံ ၈၈မျိုးဆက်သစ်ကျောင်းသားများအဖွဲ့ သည် အင်္ဂလန်နိုင်ငံတွင်ပညာသင်ကြားလျှက်ရှိသော မျိုးချစ်စိတ်ဓာတ်ထက်သန်သည့်မြန်မာကျောင်းသားကျောင်းသူများမှ တိုင်းပြည်၏တာဝန်သည် မိမိတာဝန်ပာု စိတ်နှလုံးသွင်းကာ ကိုယ်ကျိုးစွန့် အနစ်နာခံတတ်သော မြင့်မြတ်သည့် စိတ်ဓာတ်အ၀၀ဖြင့် စုစည်းကာ ဖြစ်ပေါ်လာသော အဖွဲ့ အစည်းတစ်ခုဖြစ်သည်။ အဖွဲ့ ဖြစ်ပေါ်လာပုံမှာ အင်္ဂလန်နိုင်ငံတွင်ရှိသော အခြားနိုင်ငံရေးအဖွဲ့ အစည်းများမှ 8 Mar 2010 တွင် အင်္ဂလန်နိုင်ငံ Oxford မြို့ တွင် ကျင်းပပြုလုပ်ခဲ့သော အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် Burma Showပွဲ အတွက် လုပ်အားပေးခဲ့ကြသော မြန်မာမျိုးချစ်ကျောင်းသားလူငယ်တစ်စုတို့ စုစည်းမိခဲ့ကြပြီး အချင်းချင်းရင်းနှီးမှူရရှိခဲ့ကြသည်။ မိမိတို့ ၏ စိတ်ဓာတ်တူညီမှူဖြင့် အင်္ဂလန်နိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သော မြန်မာနိုင်ငံအတွက် နိုင်ငံရေးလှုပ်ရှားမှူများ အစည်းအဝေးပွဲများ လူမှူရေးကူညီမှူများကို အတူတူလက်တွဲလုပ်ကိုင်းရင်း ပိုမိုရင်းနှီးလာကြသည်။ မြန်မာစစ်အစိုးရ၏ ရက်စက်ယုတ်မာမှူ လူ့ အခွင့်အရေးချိုးဖောက်မှူနှင့် အခြားမတရားမှူ အစုစုတို့ ကို မခံမရပ်နိုင်ဖြစ်ကာ မိမိတို့ တတ်စွမ်းနိုင်သလောက် မိမိတို့ ၏ ယုံကြည်ချက်များဖြင့် နိုင်ငံတိုးတက်မြင့်မားရေးအတွက် ဆက်လက်လုပ်ဆောင်သွားမည်ပာု သဘောတူညီချက်များကို Colindale Monastery တွင်ခိုင်မာသော ဆုံးဖြတ်ချက်များဖြင့် စုစည်းရယူနိုင်ခဲ့သည်။ ထို့ နောက် မိမိတို့ ကိုယ်တိုင်ဦးစီးကာ 31 Jul 2010 တွင် မျိုးချစ်မြန်မာကျောင်းသားများအမည်ဖြင့် ဆန္ဒပြပွဲတစ်ခုကို Copland Community School Cecil Avenue Wembley တွင်ပထမဦးစွာ ပြုလုပ်ခဲ့သည်။ ထို့ နောက်တွင် မိမိနိုင်ငံ ဒီမိုကေ၇စီနှင့် လူ့ အခွင့် အေ၇း တိုက်ပွဲ အတွက် နိုင်ငံေ၇းလှုပ်ရှားမှုများကို အင်္ဂလန်နိုင်ငံရှိ ဒီမိုကေ၇စီအေ၇း လှုပ်ရှားသော နိုင်ငံေ၇း အဖွဲ့ စည်းများ၊ တိုင်း၇င်းသား အဖွဲ့ စည်းများ၊ ဒီမိုကေ၇စီအေ၇း နိုးကြားတက်ကြွသူများအားလုံးနှင့် လက်တွဲ  ပြီး တတ်အားသရွှေ့  ပူးပေါင်းလုပ်ဆောင်ခဲ့ သည်။



ပြီးခဲ့သည့် ၂၀၀၇ ခုနှစ်ကလည်း လောင်စာဆီဈေးနှုန်းများ မြင့်တက်လာသည့်အတွက် ကိုမင်းကိုနိုင် ဦးဆောင်သည့် ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့က လောင်စာဆီဈေးနှုန်း ကျဆင်းရေးအတွက် လမ်းလျှောက်ဆန္ဒပြခဲ့ ပြီး စစ်အာဏာရှင်များ၏ မတရားဖမ်းဆီးထောင်ကျခြင်းကို ခံနေရရှာသော
၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် မင်းကိုနိုင်သူ၏ ၄၈ နှစ်ပြည့် မွေးနေ့ကိုလည်း အကျဉ်းထောင် ထဲတွင်သာ ကုန်လွန်ခဲ့ရ ပြန်ပြီ။ သူသည် မွေးနေ့ပေါင်း အကြိမ် ကြိမ်မှာ စစ်အစိုးရ၏ အကျဉ်းထောင်ထဲတွင် ကျော်လွန် ဖြတ်သမ်းခဲ့ရသူဖြစ်သည်။
ယခုလက်ရှိ သူသည် မြန်မာပြည်၏ ဝေးလံ ခေါင်ဖျား ဒေသတနေရာဖြစ်သည့် ရှမ်းပြည်နယ် ကျိုင်းတုံ အကျဉ်းထောင်၌ ထောင်ဒဏ် ၆၅ နှစ် ခံစားနေရသည်။ ထို့အ တွက်(၈၈)မျိုးဆက်ကျောင်းသားခေါင်းဆောင်ကိုမင်းကိုနိုင်၏ (၄၈)နှစ်မြောက်မွေးနေ့ ဆွမ်းကပ်လှူခြင်းအခမ်းအနား နှင့် လူငယ်စကားဝိုင်းကို အင်္ဂလန်နိုင်ငံရောက် မျိုးချစ်မြန်မာကျောင်းသားများမှဦးဆောင်၍ Colindale Monastery တွင်ကျင်းပပြုလုပ် ပြီး ကျောင်းသားလူငယ်မောင်မယ်များ နှင့် မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူများ တတပ်တအားပါဝင်တက်ရောက် ခဲ့သည်။





ရွှေဝါရောင်တော်လှန်ရေး နှစ်ပတ်လည် မီးထွန်းဆုတောင်းပွဲ ( 3rd Anniversary of Saffron revolution)

၂၀၀၇ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးတွင် စစ်အစိုးရ၏အကြမ်းဖက်နှိမ်နှင်းမှုကြောင့် အသက်ပေးသွားရရှာသော ရဟန်းရှင်လူကျောင်းသားပြည်သူ များအားရည်စူး၍ အင်္ဂလန်နိုင်ငံရောက် မျိုးချစ်မြန်မာကျောင်းသားများမှဦးဆောင်ပြီး မီးထွန်းဆုတောင်းပွဲကျင်းပပြုလုပ် ခဲ့ ပြီး မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူများအနေဖြင့် တတပ်တအားပါဝင်တက်ရောက် ခဲ့သည်။
မီးထွန်းဆုတောင်းပွဲတွင် အင်္ဂလန်နိုင်ငံရောက် ၈၈မျိုးဆက်ကျောင်းသားများ ဖြစ်သည့်   ကိုဇော်ဇော်အောင် ၊ ကိုအောင်ကြီး ၊ကိုဇော်ဇော်ထွန်း နှင့် ကိုအောင်တို့ မှ ဒီမိုကေ၇စီ အေ၇းတော်ပုံ ၊ ၈၈ တော်လှန်ေ၇း သူတို့ ကြုံတွေ့ ချက်များ နှင့်  ခွပ်ဒေါင်းစိတ်ဓါတ်တို့ အကြောင်း တက်ေ၇ာက်လာသူများ အား ရှင်းလင်းပြောကြားပေးခဲ့ သည်။
 








 
စစ်အာဏာရှင်တွေရဲ့အောက်မှာ ငါတို့ ရဟန်ရှင်၊ ပြည်သူတွေ၊ ကျောင်းသားများပူးပေါင်းပြီး ပဲခူး မြို့မှ လူငယ်နှစ်ဦးအား စစ်အစိုးရ၏ဥပဒေမဲ့လုပ်ရပ်ကိုကန့် ကွက်ခြင်းကို England နိုင်ငံ ရောက် မျိုးချစ်မြန်မာကျောင်းသား၊ လူငယ်များမှ လန်ဒန်မြို့ ရှိ စစ်အစိုးရသံရုံးရှေ့ တွင် ၀၉၊၀၉၊၂၀၁၀ တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။ ယင်းအခမ်းအနားသို့တတပ်တအားတက်ရောက်လာကြသော အင်္ဂလန်နိုင်ငံရောက်မျိုးချစ်မြန်မာကျောင်းသားများ ၊ တိုင်းရင်းသားညီအကိုမောင်နှမများ နှင့် မြန်မာ့နိုင်ငံရေး အဖွဲ့အစည်းများမှဧည့်သည်တော်များကို အထူးကျေးဇူးတင်ရှိပါသည်။ 





 
Englandနိုင်ငံ ရောက် မြန်မာကျောင်းသားများမှ စစ်အစိုးရ၏ မတရားသော၂၀၁၀ရွေးကောက်ပွဲအား ကန့်ကွက်ဆန္ဒပြခြင်း အခမ်းအနားကို လန်ဒန်မြို့ ရှိ စစ်အစိုးရသံရုံးရှေ့ တွင် ၀၃။၀၉။၂၀၁၀၇က်  အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။ ယင်းအခမ်းအနားသို့တတပ်တအားတက်ရောက်လာကြသော အင်္ဂလန်နိုင်ငံရောက်မျိုးချစ်မြန်မာကျောင်းသားများ ၊ တိုင်းရင်းသားညီအကိုမောင်နှမများ နှင့် မြန်မာ့နိုင်ငံရေး အဖွဲ့အစည်းများမှဧည့်သည်တော်များကို အထူးကျေးဇူးတင်ရှိပါသည်။
 စစ်အာဏာရှင်များ၏ မတရားဖမ်းဆီးထောင်ကျခြင်းကို ခံနေရရှာသော ကျောင်းသားခေါင်းဆောင်များ ၊ တိုင်းရင်းသားခေါင်းဆောင်များ ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များပါဝင်သော နိုင်ငံရေးအကျဉ်းသားများကို ချွင်းချက်မရှိလွှတ်ပေးရန်တောင်းဆိုသော ဆန္ဒပြပွဲကို ကျောင်းသားလူငယ်မောင်မယ်များ နှင့် မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူများ တတပ်တအားပါဝင်တက်ရောက် ခဲ့သည်။






လန်ဒန်ရောက် မြန်မာကျောင်းသားလူငယ်များဦးဆောင်မှုဖြင့် စစ်အစိုးရ၏ ကျောထောက်နောက်ခံ ခိုင်းဖတ်ဖြစ်သည့် မြန်မာအသင်းကြီး(UK)မှကျင်းပပြုလုပ်သော စစ်အာဏာရှင်စနစ် ဆက်လက်တည်မြဲရေး မဲဆွယ်စည်းရုံးပွဲ နှင့် အဆိုပါပွဲသို့ လာရောက်ဖျော်ဖြေသည့် (အာရုဏ်ဦးတွင် ဖူးသည့်ကြာ ဇာတ်ကားတွင် သရုပ်ဆောင်ထားကြသည့်)သရုပ်ဆောင်များကို ဇူလိုင်လ ၃၁ ရက်နေ့ ၂၀၁၀ တွင် ဆန္ဒပြ သပိတ်မှောက်ပွဲ ပြုလုပ်ခဲ့ကြပါတယ်။ ယူကေရှိ မြန်မာကျောင်းသားများလူငယ် စုံလင်စွာတက်ရောက်ကြပြီး စစ်အစိုးရဖြုတ်ချရေး ကြွေးကြော်သံများ ဟစ်ကျွေးခြင်း၊ တက်ရောက်လာသည့် ကျောင်းသားများမှ မြန်မာအသင်းကြီး (UK) နှင့် ပက်သက်သည့် ရင်တွင်းစကားများပြောကြားခြင်း၊ အသင်းကြီးနှင့် ပက်သက်သည့် အိတ်ဖွင့်ပေးစာများ ဖတ်ကြားခြင်း၊ ကဗျာရွတ်ဖတ်ခြင်း၊ Signature Campaign ပြုလုပ်ခြင်း စသည့် လှုပ်ရှားမှုများဖြင့် တခဲနက် ဆန္ဒပြခဲ့ကြပါသည်။

           



Speech of General Aung San